Sunday 7 May 2017

2606th Buddha Birthday celebration, Toronto,Canada.May 7,2017. ကဆုန်လပြည့် ဗုဒ္ဓမွေးနေ့ ပွဲတော်ပုံရိပ်များ

ကဆုန်လပြည့်၊ (၂၆၀၆) နှစ်မြောက် ဗုဒ္ဓမွေးနေ့ ပွဲတော်
2606th Buddha Birthday Celebration, Toronto, Canada. May 7.05.2017, Sunday.

===============================================

ယနေ့ 2606 နှစ်မြောက် ဗုဒ္ဓမွေးနေ့ပွဲတော်ကို၊ ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့၊ မဟာဓမ္မိကကျောင်း ဆရာတော်ကြီးများ ဦးဆောင်ကာ ကနေဒါနိုင်ငံရောက်  ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ ကျင်းပကြပါသည်။

အခါတိုင်း နှစ်ကလို လူမများပေမယ့်... စည်ကား သိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပ ပြီးစီးသွားခဲ့ပါပြီ..။

အာဟာရဒါန အလှူရှင်များကတော့..

ကွယ်လွန်သူ ဒေါက်တာ ဖေညွန့် အား ရည်စူး၍ ကျန်ရစ်သူ ဇနီး ဒေါ်ကြည်ကြည်ညွန့် နှင့် သား-ကိုဖေထွန်း+မသိဂီ င်္ချစ် မိသားစုတို့ ဖြစ်၏။

အထူး ကံစမ်းမဲ အစီအစဉ်
==============
အထူးကံစမ်းမဲ အစီအစဉ်တွင်... (၃) မဲ ရှိ၏။
၁။ မြောက်ဦးဆရာတော်၏ တရားတော်များ အစုံပါသည့် MP3 စက်တစ်လုံး
၂။ ဘုရား ရုပ်ပွားတော်တစ်ဆူ
၃။ ကျောက်စိမ်းပုတီး တစ်ကုံး...

ကံကောင်းပြီး ကံကောင်းသွားသူများကတော့.....
၁။ မြောက်ဦးဆရာတော်၏ တရားတော်များ အစုံပါသည့် MP3 စက် ပေါက်သွားသူကတော့....မယုဇန ပဲ ဖြစ်ပါ၏။
၂။ ဘုရားရုပ်ပွားတော် ပေါက်သွားသူကတော့....ယနေ့ အာဟာရဒါန ကုသိုလ်ရှင်...ဒေါ်သဂီ င်္ချစ် ပဲ ဖြစ်၏။
၃။ ကျောက်စိမ်း ပုတီး ပေါက်သွားသူကတော့...Burma Buddhist Association of Ontario ၏ ဘဏ္ဍာရေးမှူး ဒေါ်ဟယ်လင်ပဲ ဖြစ်ပါသည်။

အားလုံး...ကံကောင်းပြီး ကံထူးရှင်များ ဖြစ်ကာ...ထာဝရ အေးချမ်းသည့် ဘ၀ပိုင်ရှင်များ ဖြစ်နို်င်ကြပါစေ....















































































































































မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...