Tuesday 20 June 2017

ကမ္ဘာကျော် Niagara Fall ရေတံခွန်ရှိရာ ကနေဒါနိုင်ငံ၊ Niagara မြို့ရှိ တရုတ်မဟာယာနကျောင်း.ဗုဒ္ဓဘာသာပြတိုက်(Buddhist Museum)ဖွင့်ပွဲ

ကမ္ဘာကျော် Niagara Fall ရေတံခွန်ရှိရာ ကနေဒါနိုင်ငံ၊ Niagara မြို့ရှိ တရုတ်မဟာယာနကျောင်း (၇) ထပ်ရှိ ဗုဒ္ဓဘာသာပြတိုက်(Buddhist Museum)ဖွင့်ပွဲ-----

June 20, Tuesday, 2017


ယနေ့ ကမ္ဘာကျော် နိုင်ဂရာရေတံခွန်ရှိရာ ကနေဒါနိုင်ငံ၊ နိုင်ဂရာမြို့၊ တရုတ်ဗုဒ္ဓဘာသာမဟာယာနကျောင်းတော်တွင်
ဗုဒ္ဓဘာသာဆိုင်ရာ ပြတိုက်ဖွင့်ပွဲသို့ ကနေဒါနိုင်ငံ၊ မဟာဓမ္မိကကျောင်းမှ အရှင်သိဒ္ဓိဗလနှင့် ဦးလှဝင်း၊ ဦးဝေမင်း၊ ဒေါ်မေကြည်ဝင်းတို့မှ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာကိုယ်စား ကြွရောက်အားပေး ချီးမြှင့်ခဲ့၏။

ထေရ၀ါဒရဟန်းတော်ဆိုလို့ မိမိတစ်ပါးတည်း ဖြစ်နေသဖြင့် ပြန်ဖို့ပင် စိတ်ကူးနေခိုက်..မိမိနှင့် တစ်ခါသာ တွေ့ဖူးသည့်.မြန်မာပြည်ဖွား..တရုတ်အမျိုးသမီးတစ်ယောက် လုပ်အားပေး နေတာ တွေ့မြင်၍ နှုတ်ဆက်ရာမှ...မပြန်ဖြစ်ခဲ့...။ သူမသည် မြန်မာစကားကို အနည်းငယ်သာ ပြောနိုင်၏။.. သူမက အားလုံး ကူညီပေးသဖြင့်..မပြန်ဖြစ်ဘဲ..ဆက်လက် အခမ်းအနား တက်ရောက်ခဲ့၏။

ဆိုင်းဘုတ်ဖွင့်ပွဲ ဖဲကြိုးဖြတ်ဖွင့်ပွဲတွင် မိမိကိုလည်း ထည့်သွင်းထားသဖြင့်....၀င်ရောက်၍ ဖဲကြိုးဖြတ်..ချီးမြှောက်ပေးခဲ့၏။ အဆိုပါပွဲသို့..နိုင်ငံတကာမှ တရုတ်မဟာယာနဗုဒ္ဓဘာသာဝင်များ၊ နိုင်ဂရာမြို့၊ မြို့နယ်မှူး၊ မြို့တော်ဝန်...၊ရဲအရာရှိများ တက်ရောက်အားပေး ချီးမြှောက်ကြ၏။

ထူးခြားသည်က...မြို့တော်ဝန်မှာ...အသက် (၁၉ ) နှစ်သာ ရှိသေး၏...။ 

















































































































































































မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...