Monday 27 March 2017

ငြိမ်းချမ်းသောနေရာသို့...လျှောက်လှမ်းကြရာဝယ်

ငြိမ်းချမ်းသောနေရာသို့...လျှောက်လှမ်းကြရာဝယ်

==============================
အတိုက်အခိုက်, အကြမ်းဖက်, လူမျိုး, အသားအရောင် ခွဲခြားမှုစနစ်များဖြင့် လျှောက်လှန်းနေလျှင်...ငြိမ်းချမ်းသော နေရာသို့ ရောက်ရှိမည် မဟုတ်ပေ။

ငြိမ်းချမ်းသောနေရာသည်...ငြိမ်းချမ်းမှုများ, အေးချမ်းမှုများ စုဝေးရာ နေရာဖြစ်သည်။ အပူအပင်, အတိုက်အခိုက်, အကြမ်းဖက်, အသားရောင် လူမျိုးရေး ခွဲခြားမှုမရှိ။ အတ္တဆန်မှုများလည်း မရှိပေ။ အားလုံး တူညီသောရည်ရွယ်ချက်များဖြင့် ပေါင်းစည်း ဖွဲ့စည်းထားသောအရာ ဖြစ်သည်။

လူမျိုး, ဘာသာ, အသားရောင်ကွဲပြားနေစေကာမူ...အမှန်တကယ် ငြိမ်းချမ်းရေး စိတ်ဓာတ်ရှိသူများသာ တကယ့် ငြိမ်းချမ်းသောနေရာ၌သာ စုဝေးကြရသည်။ ငြိမ်းချမ်းသော လမ်းစဉ်သို့ လျှောက်လှမ်းကြရာဝယ် အတ္တဆန်ပြီး ကိုယ်ကျိုးအတွက် ပြုလုပ်သူများ, အကြမ်းဖက် တိုက်ခိုက်သူများ, ငြိမ်းချမ်းရေး စိတ်ဓာတ်မရှိသူများ မလျှောက်လှမ်းနိုင်ပေ။
ငြိမ်းချမ်းမှုအတွက် ရည်ရွယ်ချက်ချင်းတူ, လုပ်ဆောင်ချက်ချင်း တူသူများသာ..ငြိမ်းချမ်းရေးလမ်းစဉ်တွင် ပါဝင် လျှောက်လှမ်းခွင့် ရကြသည်။

"အသွင်မတူလျှင် အိမ်သူမဖြစ်" ဆိုသည့် စကားအတိုင်း ငြိမ်းချမ်းရေးအသွင်မတူလျှင် ငြိမ်းချမ်းသူ မဖြစ်နိုင်ပေ။


ငြိမ်းချမ်းရေးအသွင် တူပြီး ငြိမ်းချမ်းသော နေရာသို့ လျှောက်လှမ်းနိုင်ကြပါစေ...။

 မေတ္တာဖြင့်.....စကားမြေ ရဟန်း

No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...