Monday 27 March 2017

ကိုသာအေးထွန်း ဆွမ်းအလှူ

ယနေ့ Brampton မြို့ရှိ ကိုသာအေးထွန်း + မဖြူဖြူဟန် မိသားစု နေအိမ်တွင် ဆရာတော် (၂) ပါးအား နေ့ဆွမ်းဆက်ကပ်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် ကုသိုလ်ဒါနများ ပြုလုပ်ကြပါတယ်။

အဆိုပါပွဲတွင် ကိုသာအေးထွန်း ၏ မိခင်ကြီး ဒေါ်မြမြနှင့်အတူ အစ်ကို ကိုကျော်ဇောဝေ နှင့် မမေလှအောင် , သူမ၏ မိခင်ကြီးတို့အပါအဝင် ကိုဝီလျံ မိသားစု, ကိုဂျူလျံ တို့ စုံညီစွာ ကုသိုလ်ဒါနများ ပြုလုပ်ကြ၏။
အိမ်လေးမှာ နေချင်စဖွယ် ရှိလှ၏။ မှန်ပြူတင်းပေါက်မှ ကြည့်လိုက်လျှင် ရေကန်ကြီးကို မြင်ရ၏။



နွေရာသီဆိုလျှင် ကျေးငှက်များ ပျော်မြူးစွာ ရေကူး ရေသောက် ရေချိုးကြနှင့် သာယာဖွယ်ရှိလှ၏။
ယင်းအိမ်တွင် နေထိုင်သည့် ကိုသာအေးထွန်းနှင့် ဇနီး မဖြူဖြူဟန် တို့သည် သဘောလည်း ကောင်း, ဘာသာတရားလည်း ကိုင်းရှိုင်းကြ၍ ပျော်ရွှင်စွာ နေထိုင်ကြသော မိသားစုဟုဆိုလျှင် မမှားပေ။

No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...