Tuesday 28 March 2017

အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ

အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ


လောကမှာ.. ဘုရားရှင်သော ပွင့်ကြသော ကမ္ဘာမှာ.. ငါးမျိုးသာ ရှိပါသည်... ယင်းတို့မှာ...
၁။ ဘုရားတစ်ဆူသာ ပွင့်သော သာရကမ္ဘာ။
၂။ ဘုရားနှစ်ဆူ ပွင့်သော မဏ္ဍကမ္ဘာ။
၃။ ဘုရားသုံးဆူ ပွင့်သော ၀ရကမ္ဘာ။
၎။ ဘုရားလေးဆူ ပွင့်သော သာရမဏ္ဍကမ္ဘာ။
၅။ ဘုရားငါးဆူ ပွင့်သော ဘဒ္ဒကမ္ဘာ ရယ်လို့ ငါးမျိုး ရှိပါတယ်..။ (ဗုဒ္ဓ၀ံသအဋ္ဌကထာ၊ ၂၂၈။)
ယနေ့ ခေတ် ကမ္ဘာကတော့ ဘုရားငါးဆူ ပွင့်တဲ့ ဘဒ္ဒကမ္ဘာ ဖြစ်ပါတယ်..။ ဘဒ္ဒ ဆိုတာ.. ကောင်းသော အနက်အဓိပ္ပာယ် ရ၏။ ဘုရားငါးဆူ ပွင့်သောကြောင့် အကောင်းဆုံးသော ကမ္ဘာ ဖြစ်၏။ ထို့ကြောင့် ယနေ့ခေတ် လူလာဖြစ်ကြရသူတို့သည်လည်း ကောင်းခြင်း မင်္ဂလာနှင့်ပြည့်စုံကြပေ၏။ နောက်အရိမေတ္တယျ ဘုရားတစ်ဆူ ပွင့်ပြီးလျှင်.. ကမ္ဘာကြီး ပျက်စီးပြီး..နောက်အသစ် ကမ္ဘာ ထပ်ဖြစ်မည်။ ယင်း အသစ်ကမ္ဘာသည်.. ဘုရားပွင့်သော ကမ္ဘာ မဟုတ်ချေ..။ ဘုရားရှင်တို့ ဆိတ်သုဉ်းသော သုည ကမ္ဘာသာ ဖြစ်ပေမည်..။
နောက်လာမည့် အရိမေတ္တေယျဘုရားရှင် မဖွင့်တွေ့..ကြဘဲ ကျွတ်တမ်းမ၀င်ကြသော ပုဂ္ဂိုလ်တို့သည်.. အဖြူ အမည်း မကွဲ၊ ကုသိုလ်၊ အကုသိုလ်မကွဲ.. မိဘ၊ ညီအစ်ကို မောင်နှမ စသည်မသိကြဘဲ မေထုန်မှီဝဲကြခြင်း။ ကောင်းမှုတို့ ဆိတ်သုဉ်းသော သုညကမ္ဘာ၌ ဖြစ်ကြရမည် ဖြစ်၏။
ဒီဆောင်းပါးကို ရေးရခြင်း၏ ရည်ရွယ်ချက်မှာ.. ယနေ့ခေတ်.. လူအဖြစ်ကို ရလာကြသူတို့အဖို့.. အကျိုးရှိရှိ အသုံးချတတ်ပြီး.. နောက်လာမည့် အရိမေတ္တေယျဘုရားရှင်ကို ဖူးတွေ့နိုင်ပြီး.. ဒုက္ခအားလုံးတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ရောက်ရှိနိုင်ကြစေရန် ရည်ရွယ်၍ ရေးသားရခြင်း ဖြစ်ပါသည်...။
အရိမေတ္တေယျဘုရားရှင်ကို ဧကန်မုချ ဖူးခွင့်ရနိုင်သည့် ကုသိုလ်ထူးများကို.. သိရှိပြီး လိုက်နာကျင့်သုံးနိုင် ဖော်ပြလိုက်ပါသည်..။ ယင်းတို့မှာ.....................................
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင် ၀တ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ပုဂ္ဂိုလ်
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်
၃။ မိခင်ဖခင်တို့ ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ ကို ပြုပြင်တဲ့ ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှူဒါန်းတဲ့ ပုဂ္ဂိုလ်
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သော ပုဂ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်း လောင်းလှူသော ပုဂ္ဂိုလ်
၈။ ရဟန်းတို့ အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဂိုလ်
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဂိုလ်
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။
  ...အားလုံး.. ရခဲလှသော လူ့ဘ၀ကို အကျိုးရှိရှိ အသုံးချနိုင်ပြီး.. အရိမေတ္တေယျဘုရားရှင်ကို ဖူးတွေ့နိုင်သော ကုသိုလ်ထူးများကို ကြိုးစားမယုတ် အားထုတ်နိုင်ကြပါစေ...။ ထိုဘုရားရှင်ကို ဧကန်မုချ ဖူးတွေ့နိုင်ပြီး ဒုက္ခအားလုံးတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ရောက်ရှိနိုင်ကြပါစေ.......။

With Metta
Ven Siddhibala


No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...