Wednesday 29 March 2017

လောဘကြီးလျှင် ကမ္ဘာမြေကြီးလည်း ပျက်စီး၍ အသက်လည်း တိုမည်

လောဘကြီးလျှင် ကမ္ဘာမြေကြီးလည်း ပျက်စီး၍ အသက်လည်း တိုမည်

=======================================


      ဟိုအရင်က မြေကြီးပေါ်မှာ အပင်စိုက်ရင်..မြေသြဇာမလိုပဲ စိုက်လို့ခဲ့တယ်။ အခုများကျတော့ မြေသြဇာပေးမှ အပင်က အရွက်ထွက်၊ အပွင့် ပွင့်၊ အသီး သီးကြတယ်။ နေ၇ာတိုင်းမှာ စိုက်လို့ မရဖြစ်နေတယ်။ ရှေးတုန်းကတော့ မျိုးစေ့ကို ချလိုက်တိုင်း ကျတဲ့နေရာမှာ မြေသြဇာမလို အသီးသီးကြတယ်ဆိုတာ ခေတ်မီတဲ့သူများ သိမှာပါ။ ခေတ်မီတယ်ဆိုတာ ယနေ့ခေတ်မှာ ပြောဆိုနေကြတဲ့ ခေတ်မီခြင်းကို ဆိုလိုတာမဟုတ်ပါ။ အရင် အရင်ခေတ်တွေကို မီခဲ့တဲ့ ခေတ်မီသမားများ ရှေးလူကြီးများကို ဆိုလိုတာပါ။
       လူသားတို့ရဲ့ လောဘတွေကြောင့် ကမ္ဘာလောကကြီးဟာ ပင်းရင်း သြဇာဓာတ်တွေ ပျောက်ဆုံးကုန်ပါတယ်။ သစ်ပင်တွေ ပြုန်းတီးလို့ သဘာဝဘေးအန္တရာယ်များ မကြာခဏ ကျရောက်နေခြင်းဟာ လူသားတို့ရဲ့ လောဘတရားများ ကြီးထွားလာခြင်းကြောင့် ဖြစ်၏။ လူသားတို့ရဲ့ အကျင့်စာရိတ္တ ဆိုးရွားမှုကြောင့် ရာသီဥတု ဖောက်ပြန်မှု၊ မိုးခေါင်မှုများ ဖြစ်ပေါ်လာရပေ၏။
လူသားများ အကျင့်စာရိတ္တ ပျက်ယွင်းလျှင် လူသားတို့ နေထိုင်ရာ မြို့၊ ရွာ၊ တိုင်းနိုင်ငံများ ပျက်ယွင်းမည်မှာ အမှန်ပင် ဖြစ်၏။
      ယနေ့ခေတ်မှာ လူသားတို့ရဲ့ လောဘကြောင့် ရာသီအလိုက်သီးကြတဲ့ သရက်သီး စသည်များကို တစ်နှစ်ပတ်လုံး သီးအောင် ဓာတုဇီဝဆေးများဖြင့် ဖန်တီးကြ၏။ ယင်းကြောင့် လူသားတို့အတွက် အသက်တိုခြင်းများ ဆက်ဖြစ်ပေါ်နေကြောင်း သိရှိသင့်၏။
       ရှင်းရှင်း ပြောရလျှင် ဓာတုဇီဝသုံး အစားစာများကို စားသုံးသူများ အသက်တိုနိုင်ကြောင်း တင်ပြပါသည်။ သဘာဝအတိုင်း စားသုံးလျှင် လူ့သဘာဝအလျောက် လူ့သဘာသအရ...ထိုက်တန်သော အသက်ရှည်မှုများနှင့် တွေ့ကြုံရမည် ဖြစ်ပေသည်။

No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...