Tuesday 28 March 2017

သီရိလင်္ကာနိုင်ငံနှင့်...ဘာသာရေး

သီရိလင်္ကာနိုင်ငံနှင့်...ဘာသာရေး

=======================

သီရိလင်္ကာနိုင်ငံ..သမ္မတကြီးနှင့် ပြည်သူ/ပြည်သားတွေရဲ့ မြင်ကွင်းလေးပါ..
ယင်းနိုင်ငံဟာ.. မြန်မာပြည်ဗုဒ္ဓသာသနာလောက်.. အနှစ်သာရ မပြည့်စုံပေမဲ့...နိုင်ငံပိုင်ဘာသာကို ထေရ၀ါဒဗုဒ္ဓဘာသာရယ်လို့ ကမ္ဘာမှာ ရဲရဲဝံ့ဝံ့ ကြေညာထားတာပါ။
=== နိုင်ငံရဲ့ အဓိက ရုံးပိတ်ရက်တွေများ...လပြည့်နေ့ကို အဓိကထား ပိတ်ပါတယ်။
ပုဂ္ပလိက အလုပ်ရုံ၊ သင်တန်းစတာတွေလည်း.. Phoya Day လို့ခေါ်တဲ့.. လပြည့်နေ့တိုင်းမှာ.. ပိတ်ကြပါတယ်။ အဲဒီနေ့မှာ.. ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့..နိုင်ငံသူနိုင်ငံသားအားလုံး.. အသားငါးလုံး မစားကြပါ၊ ကြက်ဥတောင် မစားရပါ။ အသားငါးဆိုလို့ ၀ယ်လို့တောင် မရပါ..။ ပြီးတော့..နိုင်ငံရဲ့ အုပ်ချုပ်မှုကဏ္ဍမှာလည်း.. တစ်ချို့တစ်ဝက်.. ဘာသာရေးကို အဓိကထားပြီး.. ဆရာတော်သံဃာတော်များရဲ့ သြ၀ါဒအတိုင်းလည်း.. အုပ်ချုပ်မှုကို ပြုပါတယ်။

နိုင်ငံအတွင်း၊ မြို့နယ်တစ်ခုအတွင်းသို့ ၀င်လိုက်ပါက...ဒီနိုင်ငံဟာ. ဗုဒ္ဓဘာသာနိုင်ငံဆိုတာ.. အောက်ပါပုံက သက်သေထူနေပါတယ်။ မြိုအတွင်း လမ်းစုံ၊ လမ်းခွတိုင်းမှာ.. ကြည်ညိုစရာကောင်းသော...ဗုဒ္ဓရုပ်ပွားတော်ကို... သေသပ်လှပသော ကျောင်းဆောင်နှင့်တကွ တွေ့မြင်နိုင်ပါတယ်။
==== ယင်းနိုင်ငံရဲ့ ကားလမ်းများမှာ.. အများအားဖြင့် ကျဉ်းမြောင်းလှပါတယ်..သို့ပေမဲ့.. ဘု၇ားရုပ်ပွားတော်..ထားလို့ရအောင်.. နေရာကိုတော့.. မရ ရအောင်.. နေရပေးထားသည်ကို တွေ့ရပါသည်။
===နိုင်ငံခြားသားများနှင့် local (နိုင်ငံသား)များ. ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက.. local ကိုသာ ဦးစား ဆောင်ရွက်တာကို..လက်တွေ့ကျကျ သိရပါတယ်။
===သံဃာတော်များ..လိုင်းကားစီးရင်.. ကားပေါ်ရောက်တာနဲ့ ထိုင်ခုံရအောင် လုပ်ပေးရပါတယ်။ သံဃာတော် ဘယ်နှစ်ပါးဖြစ်ဖြစ်.. နေရာရအောင် လုပ်ပေးကြပါတယ်။ မြန်မာပြည်မှာတော့ လုပ်ပေးပါရဲ့...အိပ်ချင်ရောင် ဆောင်နေသူက များတယ်။
===အခုဖော်ပြထာတွေဟာ..ဒီနိုင်ငံမှာ နေရတာ ဂုဏ်ယူလို့ ဖော်ပြခြင်း မဟုတ်။ နိုင်ငံရဲ့ ပေါ်လစီတစ်ချို့ကို ကြိုက်နှစ်သက်၍သာ.. အခု ဖော်ပြလိုက်တာပါ။

ပုံ = သီရိလင်္ကသမ္မတဟောင်းနှင့် ပြည်သူ ဗုဒ္ဓဘာသာဝင်များ

No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...