Wednesday 29 March 2017

လူသားနှင့် ပတ်ဝန်းကျင်

လူသားနှင့် ပတ်ဝန်းကျင်

================

       လူသားတစ်ယောက် လူ့လောကထဲသို့ ရောက်ရှိလာလျှင် တစ်ဥိးတစ်ယောက်တည်း နေ၍ မရပေ။ မိသားစု၊ ရွာ၊ မြို့၊ နိုင်ငံ၊ ကမ္ဘာစသည်ဖြင့် အသင်းအဖွဲ့ တည်ဆောက်၍ နေကြရသည်မှာ အားလုံးရဲ့ အမြင်ပဲ ဖြစ်၏။ ပတ်ဝန်းကျင် မကောင်းလျှင် ကိုယ်ပါ မကောင်း ဖြစ်သွားတတ်၏။ ပတ်ဝန်းကျင် ကောင်းလျှင် ကိုယ်ရော ကောင်းသွားတတ်၏။ ပတ်ဝန်းကျင်ရော ကိုယ်ကိုယ်တိုင် ကောင်းသွားလျှင် အားလုံး ကောင်းမည် ဖြစ်၏။ အဲဒီလိုပဲ တစ်မြို့လုံး၊ တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ကောင်းမည်ဆှိုလျှင် အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ထိုသို့မဟုတ်ဘဲ.....
ကမ္ဘာလောကရှိ လူသားတိုင်း....တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ရိုင်းပင်းကူညီမှု စိတ်ဓာတ်များ ကိုယ်စီရှိကြမည်ဆိုလျှင်... စစ်ပွဲဆိုတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် မနာလို မုန်းထားမှုများ စသည်များ ရှိမည်မဟုတ်ပါ။
       တကယ်တမ်းကျတော့ လူ့ဘ၀ဟာ တိုတိုလေးဆိုတာ..လောကလူသားတို့ မေ့နေကြဟန် တူ၏။ ယင်းကဲ့သို့ ရရှိလာသော လူ့ဘ၀လေးကို အကျိုးရှိရှိ ဖြစ်အောင် မည်ကဲ့သို့ အသုံးချမည်နည်း။ စစ်များ တိုက်နေခြင်းဖြင့် လူ့ဘ၀ကို ကုန်ဆုံးစေမည်လား။ သို့မဟုတ်.. အများကို မကောင်းမြင်ဝါဒဖြင့် မနာလို မုန်းတီးနေခြင်းဖြင့် ကုန်စေမည်လား...။ ဒါတွေ မရှိဘဲနဲ့ လှပသော လူ့ဘ၀ဖြစ်အောင် ဖန်တီးယူလို့ မရနိုင်ကြဘူးလား..။
       ရရှိပိုင်ဆိုင်ထားသော လူ့ဘ၀လေးကို ပတ်ဝန်းကျင်ကို မထိခိုက် မနစ်နာစေဘဲ အရာရာကို အကောင်းမြင်ဝါဒဖြင့် လှပသော လူ့ဘ၀ဖြစ်အောင် ဖန်တီးယူလျှင် မည်ကဲ့သို့သော အကျိုးရလာဒ်များကို ရရှိစေမည်ကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သက်သေထူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါတယ်။
     ယင်းအတွေးသည် တစ်ဦးတစ်ယောက်၏ အတွေးသာ ဖြစ်ပါ၏။ အများ၏ ဆန္ဒဟာလည်း ထပ်တူ ညီမျှဆိုလျှင် ၀ိုင်းဝန်းပြီး အတွေးကောင်းများ ထပ်လောင်းထည့်စွက် နိုင်ပါသည်။...

No comments:

Post a Comment

မဟာဓမ္မိကကျောင်းတော်ကြီးရဲ့ 2021 -ခုနှစ်အတွက် ပွဲတော်များ စာရင်းတော့ထွက်လာပြီ...။ 2021 မှာ ကိုဗစ် ပြီးမပြီးတော့ မသိသေးဘူး... မပြီးသေးရင်လည်း...